Swf File Download Without Software
Website တခုခုက Swf file (flash file)လေးတွေမြင်ဖူးကြမှာပါ... ဥပမာ ..ကျွန်တော့ဘလော့ header လိုပေါ့ ... တခြား swf ဖိုင်တွေအများကြီးပါ... အဲဒီဖိုင်တွေကို Firefox browser နဲ့ဘယ်လိုဒေါင်းလုတ်မလဲဆိုတဲ့ကြောင်း ဒီပို့စ်ကိုရေးလိုက်ပါတယ်... swf file ကို Download Manager နဲ့လဲဒေါင်းလုတ်လို့ရပါတယ်... Options ကနေ File Types Tab ကိုရွေးပြီးတော့ SWF ဆိုပြီး ၊ SWF file Type ကိုရိုက်ထည့်ပြီး ဒေါင်းလုတ်လို့ရပါတယ်... အဲလိုမဟုတ်ဘဲ အခြားနည်းတခုကတော့...
မိမိဒေါင်းလုတ်လုပ်လိုတဲ့ ဆိုဒ်က swf file လေးအောက်မှာ right click နှိပ်ပြီး View Page info ကိုရွေးလိုက်ပါ။
Page info Box မှာ Media Tab ကိုရွေးပါ။၎င်း Media Box မှာ အောက်ဖော်ပြပါပုံအတိုင်း Embed HTML အမျိုးစားကုဒ်နဲ့ထည့်ထားတဲ့ swf file Type ကိုတွေ့ရင် ၎င်း ကို Highlight (select) ပေးပြီးတော့ Save As လုပ်လိုက်ပါ။
မှတ်ချက်။ ။ Macromedia Flash 8 Software Install လုပ်မထားရင် ... swf file type အနေနဲ့တွေ့ရမှာ မဟုတ်ဘဲ ... တခြား ... flv file type တခုအနေနဲ့သာတွေ့ရမှာဖြစ်ပါတယ်... Flv player (သို့) Gom Player တို့နဲ့သာ media ဖိုင်တစ်ခုအနေနဲ့ဖွင့်လို့ရမှာဖြစ်ပါတယ်။





